Sunday, June 21, 2020

ကျိုင်းတုံမြို့သမိုင်းကြောင်း

ကျိုင်းတုံရှေးလူကြီးများပြုစုထားသောပုရပိုဒ်ကျမ်းဟောင်းများအရကျိုင်းတုံကို ပလန်း(ခ) လွ (ခ) လွယ်လ (ခ) တိုင်းလွယ်လူမျိုးများကတည်ထောင်ပြီး AD 1134 မှ  AD 1243 အထိအုပ်ချုပ်ခဲ့သည်။ ထိုစဉ်အခါက ပလန်း (ခ) လွ (ခ) လွယ်လ (ခ) တိုင်းလွယ်လူမျိုးတို့သည်ကျိုင်းတုံတွင်သာမကထိုင်းနိုင်ငံမြောက်ပိုင်းတစ်ခွင်လုံးတွင်ပြန့်နှံ့နေထိုင်ခဲ့သောလူမျိုးဖြစ်သည်။ ထိုင်းနိုင်ငံအလယ်ပိုင်းနှင့်တောင်ပိုင်းတွင် ဒွါရ၀တီ ခေါ်မွန်အင်ပါယာကြီးတည်ရှိခဲ့သည်။ ပလန်း (ခ) လွ (ခ) လွယ်လ (ခ) တိုင်းလွယ်လူမျိုးတို့ယဉ်ကျေးမှုမြင့်မားနေချိန်တွင်ကျိုင်းတုံကိုပိုင်ဆိုင်ခဲ့သည်
ဟုကြွေးကြော်နေသော ပရောက် (ခ) “၀” လူမျိုးတို့မှာထိုအချိန်တွင်လူလူချင်းသတ်ဖြတ်စားသောက်နေသောယဉ်ကျေးမှုအဆင့်တွင်သာရှိနေပါဦးမည်။ ပလန်း (ခ) လွ (ခ) လွယ်လ (ခ) တိုင်းလွယ် တို့၏နောက်ဆုံးမင်းဆက်ဖြစ်သော မန်းယွဲ အုပ်စိုးချိန်တွင်မွန်ဂိုဧကရာဇ် ကူဗလိုင်ခန်၏ထိုးစစ်ကြောင့်အောက်ဖက်သို့ကြိုတင်ဆင်းလာနေပြီဖြစ်သောနန်ချောင်သျှမ်းအုပ်စုများမှ ဖယားမန်းရိုင်း ဦးဆောင်သောယွန်းသျှမ်းအုပ်စုသည်ကျိုင်းသေဉ်းနှင့်ကျိုင်းရိုင်းတို့ကိုအောင်မြင်ပြီးနောက်ကျိုင်းတုံကိုလုပ်ကြံရန်စတင်လိုက်သည်။ AD 1231 ခုနှစ်တွင် ဖယားမန်းရိုင်းသည်အစပိုင်းတွင်၄င်း၏တပ်မှူးနှစ်ဦးဖြစ်သော ခွန်ကောင်းနှင့်ခွန်လန်း တို့အားကျိုင်းတုံကိုသိမ်းပိုက်ရန်တာ၀န်ပေးလိုက်သည်။ သို့သော်လည်းတပ်မှူးခွန်ကောင်းနှင့်ခွန်လန်းတို့ကျိုင်းတုံကိုသိမ်းပိုက်ရန်ဆင်နွဲခဲ့သောစစ်ပွဲများမအောင်မြင်ခဲ့ပါ။ ထို့နောက် ဖယားမန်းရိုင်းသည်နည်းဗျူဟာနောက်တစ်မျိုးကိုသုံးရပါတော့သည်။ ၄င်းနည်းဗျူဟာမှာ မန်းယွဲဘုရင်၏ဆွေတော်မျိုးတော်များထဲမှ မန်းခွမ်း နှင့် မန်းခိန်း အမည်ရှိသောမင်းညီမင်းသားညီအကိုနှစ်ယောက်ကိုမိမိဖက်ပါစေရန်စည်းရုံး
သိမ်းသွင်းခြင်းဖြင့်အတွင်းသူလျှိုအဖွဲ့ ဖွဲ့စည်းစေသည်။ ၄င်းအပြင် မန်းယွဲဘုရင်ဘုန်းကံနိမ့်ကျစေရန်လည်းအောက်လမ်းနည်းဖြင့်စီရင်ထားသော တန်ဖိုးကြီးသော သရဖူ ကိုသံတမန်မှတဆင့်လက်ဆောင်အဖြစ်ဆက်သစေခဲ့သည်။ ဤသို့ဖြင့်နည်းလမ်းပေါင်းစုံသုံး၍နောက်ဆုံး AD 1243 ခုနှစ်တွင်ကျိုင်းတုံကိုသိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့်ကျိုင်းတုံကိုသိမ်းပိုက်နိုင်ရန်ဖယားမန်းရိုင်းသည်နှစ်ပေါင်း (၁၂) နှစ်ကြာအချိန်ယူခဲ့ရသည်။ကျိုင်းတုံကိုသိမ်းပိုက်ရရှိပြီးသော် ပလန်း (ခ) လွ (ခ) လွယ်လ လူမျိုးဖြစ်သော မန်းခွမ်း နှင့် မန်းခိန်း ညီအကိုနှစ်ယောက်အားကျိုင်းတုံကိုဦးစွာအုပ်စိုးစေခဲ့သည်။ ဖယားမန်းရိုင်း၏ လန့်နားအင်ပါယာခေတ်မှစ၍ကျိုင်းတုံကိုအုပ်ချုပ်ခဲ့သောမင်းဆက်များမှာအောက်ပါအတိုင်းဖြစ်သည်။
၁။ စဝ်မန်းခွမ်း (Sao Marng Khawm)  AD 1243 ခုနှစ် မှ  AD 1247 ခုနှစ်
        အထိ နန်းသက် (၄) နှစ်
၂။ စဝ်မန်းခိန်း (Sao Marng Khein) AD  1247 ခုနှစ် မှ  AD 1253 ခုနှစ်
        အထိ နန်းသက် (၆) နှစ်
၃။ စဝ်နမ့်ထုမ့် (Sao Nam Tom)  AD 1253 ခုနှစ်မှ AD 1264 ခုနှစ်အထိ
        နန်းသက် (၁၁) နှစ်
စဝ်နမ့်ထုမ့်ခေတ်တွင်  ပရောဟိတ်ပုဏ္ဏား၏အကြံပေးချက်အရကျိုင်းတုံသည် တနလာင်္နံဖြစ်သောကြောင့် ကျိုင်းတုံရှိ ယွန်းသျှမ်းလူမျိုးများကို
တောင်မှမြောက်သို့ဆန်တက်စီးဆင်းနေသောနမ့်ခင်ချောင်းကိုအစွဲပြုကာ တိုင်းခင် (ခ) ခင်သျှမ်းလူမျိုးဟုအမည်ခေါ်သွင်စေခဲ့သည်။ (ထိုစဉ်အခါက သျှမ်းများသည်နီးစပ်ရာချောင်း၏အမည်နာမကိုအစွဲပြု၍မိမိလူမျိုး၏နာမည်အဖြစ်မှည့်တတ်သည့်အလေ့အထရှိခဲ့သည်။) ထိ့ုကြောင့် ယွန်းသျှမ်းနှင့် ခင်သျှမ်း (ခ) ဂုံသျှမ်းသည်လူမျိုးတစ်မျိုးတည်းအတူတူပင်ဖြစ်ပါသည်။
၄။ စဝ်နမ့်နန် (Sao Nam Nan)   AD 1264 ခုနှစ် မှ AD 1317 ခုနှစ်အထိ
        နန်းသက် (၅၃) နှစ်
၅။ စဝ်ဆမ်မွန်ဟွေ့(Sao Sam Moon Hway) AD 1317 ခုနှစ် မှ AD 1324
        ခုနှစ် အထိ နန်းသက် ((၇) နှစ်
၆။ စဝ်အိုက်လောက် (Sao Aik Laoh) AD 1324 ခုနှစ် မှ AD 1342 ခုနှစ်
        အထိ နန်းသက် (၁၈) နှစ်
၇။ စဝ်ဆိုင်နန် (Sao Hsai Nan)  AD 1342 ခုနှစ် မှ AD 1360 ခုနှစ်အထိ
        နန်းသက် (၁၈) နှစ်
၈။ စဝ်ဇစ်ဗန်းတူ (Sao Zet Ban du) (သတ္တဗန္ဓုရာဇာ)(ခ) စဝ်ဆမ် AD
        1368 ခုနှစ်မှ AD 1387 ခုနှစ်အထိ နန်းသက်(၁၉)နှစ်
စဝ်ဇစ်ဗန်းတူ (ခ) စဝ်ဆမ် သည်နန်းတက်စ AD 1368 ခုနှစ်တွင်အကိုကြီးဖြစ်သူဆစ်ဆောင်ဗန်းနားကျိုင်းဟုန် စား စဝ်အိုက် နှင့် အကိုလတ်ဖြစ်သူ မိုင်းလျဲမ်း စား စဝ်ယီ တို့နှင့်အတူ သုံးပြည်ထောင်ဖြစ်သော ကျိုင်းဟုန်၊ မိုင်းလျဲမ်း နှင့် ကျိုင်းတုံ (အိုက်- ဟုန်၊ ယီ-လျဲမ်း၊ ဆမ်-ခင်) ညီအကိုချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ကညင်ဖြူ ပင် (သုံး) ပင်ကို (၁) စွမ်မွန်း ကုန်းတွင်တစ်ပင်၊ (၂) မိုင်းလန်း ၀မ်ပန်တွင် တစ်ပင်၊ (၃) ကတ်ဖ တွင် တစ်ပင် စိုက်ပျိုးခဲ့သည်။ နှစ်ပေါင်း (၆၀၀) ကျော်နေပြီဖြစ်သည်။ယခုအခါစွမ်မွန်းကုန်းတွင်စိုက်ထားသောအပင်သာကျန်ခဲ့သည်။ ကျန်အပင်များသည်လွန်ခဲ့သောနှစ်(၁၀၀)ကျော်အတွင်းပြိုလဲခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကညင်ပင် သည် အလောင်းဘုရား (သို့) အလောင်းဘုရားခေတ်တွင်စိုက်ပျိုးထားသောအပင်မဟုတ်ပါ။
၉။ စဝ်အိုက်အွန် (Sao Aik Oon) AD 1387 ခုနှစ် မှ AD 1390 ခုနှစ်
        အထိ နန်းသက် (၃) နှစ်
၁၀။ စဝ်ခဲန်လိတ် (Sao Ken Leik) AD 1390 ခုနှစ် မှ AD 1403 ခုနှစ်
        အထိ နန်းသက် (၁၃) နှစ်
၁၁။ စဝ်ယီခမ်း (Sao Yee Kham)(ခ) ဖယားကျောက်မထု (ခ) အိန္ဒမူဏိ
        AD 1403 ခုနှစ် မှ AD 1416 ခုနှစ် အထိ  နန်းသက် (၁၃) နှစ်
စဝ်ယီခမ်း (ခ) ဖယားကျောက်မထုအုပ်စိုးစဉ်ကာလ AD 1411
ခုနှစ်တွင်ဟွေပွန်တွင်မီးကြီးကျယ်စွာလောင်ကျွမ်းခြင်း၊ မိုးခေါင်ရေရှား၍ပြည်သူများလယ်ယာစိုက်ပျိုးမှုလည်းမအောင်မြင်ခြင်းစသောကပ်ဆိုးဆိုက်ရောက်ခဲ့သည်။ ပရောဟိတ်ပုဏ္ဏားတို့၏အကြံပေးချက်အရေနမ့်ခင်ချောင်းဘေးတွင်စန္ဒာလမင်းကိုဖါးကြီးတစ်ကောင်ကငုံနေသောအရုပ်ပြုလုပ်၍သင်္ကြန်အကျနေ့တွင်ယတြာခြေပူဇော်ခြင်းကိုပြုလုပ်စေခဲ့သည်။ ၄င်းနောက်ကျိုင်းတုံသည်လည်းဆန်ရေစပါးပေါများလာကာမြို့တော်လည်းစည်ပင်သာယာလာပါတော့သည်။ ဤယတြာခြေခြင်အလေ့အထကိုယခုအချိန်အထိသင်္ကြန်အကျနေ့တိုင်းပြုလုပ်နေလျက်ရှိ၏။
၁၂။ စဝ်ဆမ် (Sao Sam) (ခ) ဖယားကောင်ရတနဖေးရီး  AD 1419 ခုနှစ် မှ
        AD 1441 ခုနှစ် အထိ နန်းသက်(၂၂) နှစ်
စဝ်ဆမ်(ခ) ဖယားကောင်ရတနဖေးရီးခေတ်တွင်မြို့လုံခြုံရေးအတွက်ခိုင်ခန့်လှပပြီးကျောက်ဖြင့်ပြုလုပ်ထားသော မြို့ရိုးတံခါး (၈) ပေါက်ပါသည့်မြို့ရိုးအသစ်ကိုတည်ဆောက်ခဲ့သည်။
၁၃။ စဝ်ဆမ်ဆီရိ (Sao Sam Siri) (ခ) ဖယားသီရိသုဓမ္မရာဇာ (ခ) ဖယားဓမ္မစူ
      ဠာမဏီး AD 1441 ခုနှစ် မှ AD 1454 ခုနှစ် အထိ နန်းသက်(၁၃) နှစ်
၁၄။ စဝ်အိုက်လောက်ဒါ (Sao Aik Laoh Da) (ခ) စန္ဒပုဏ္ဏရာဇာ AD 1454 မှ
        AD 1474 ခုနှစ်အထိ နန်းသက် (၂၀) နှစ်
၁၅။ စဝ်အာဒိဒ္ဓရားဇား (Sao Ah Tidharaja)(ခ) ဖယားလောက် AD 1474
        ခုနှစ် မှ AD 1519 ခုနှစ်အထိနန်းသက် (၄၅) နှစ်
၁၆။ စဝ်နော်ကျောက် (Sao Naw Kiao)(ခ) ဖယားစွမ်ဆက်  AD 1519 ခုနှစ်
        မှ AD 1521 ခုနှစ် အထိနန်းသက် (၂) နှစ်
၁၇။ စဝ်ဆိုင်ခေါ (Sao Seng Khaw) (ခ) ဖယားဇီဝိဇေယျရာဇာ  AD 1521
        ခုနှစ် မှ AD 1523 ခုနှစ်အထိ နန်းသက် (၂) နှစ်
၁၈။ စဝ်ဆိုင်ဖွမ်း (Sao Hsai Phom) AD 1523 ခုနှစ် မှ  AD 1523 ခုနှစ်
        အထိ နန်းသက် (၁) လ
၁၉။ စဝ်ဆမ်ကျိုင်းကောင်း (Sao Sam jeng Kong) AD 1523 ခုနှစ် မှ AD
        1523 ခုနှစ် အထိ (?) လ
၂၀။ စဝ်ခမ်းမူ (Sao Kham Mu)   AD 1523 ခုနှစ် မှ AD 1523 ခုနှစ် အထိ
        နန်းသက်  (?) လ
၂၁။ စဝ် ဒေါက်ခမ်းဖူး (Sao Daoh Kham Phu) (ခ) ဖယားကျောက်ရွက်ဖန
        ရိန္ဒ  AD 1523 ခုနှစ် မှ AD 1560 ခုနှစ် အထိ နန်းသက် (၃၇) နှစ်
AD 1558 ခုနှစ်တွင်ချင်းမိုင် ခေါ် ဇင်းမယ်ကိုတောင်ငူမင်း ဘုရင့်နောင် မှသိမ်းပိုက်လိုက်သောကြောင့်လန့်နားအင်ပါယာ (Lanna Empire) ပြိုလဲခဲ့သည်။ သို့သော်လည်းကျိုင်းတုံသည်ဘုရင့်နောင်သိမ်းပိုက်ခြင်းမှကင်းလွတ်ကာသီးသန့်တိုင်းပြည်အဖြစ်ရပ်တည်လာခဲ့သည်။
၂၂။ စဝ်ကျောက်ဘွန်း နမ်း (Sao Kiao Boon Narm) (ခ) ဖယားကျောက်ရ
        တနဘူမိန္ဒရာဇာ  AD 1560 ခုနှစ် မှ  AD 1596 ခုနှစ် အထိ နန်းသက်
        (၃၆) နှစ်
၂၃။ စဝ်ခမ်းဒေါက် (Sao Kham Daoh) (ခ) ဖယားသုဓမ္မရာဇာ  AD 1596
        ခုနှစ် မှ AD 1620 ခုနှစ် အထိ နန်းသက် (၂၄) နှစ်
၂၄။ စဝ်ခတ် (Sao Khat) (ခ) ဖယားကျောက်ဖာတ်နရိန္ဒ  AD 1620 ခုနှစ် မှ
        AD 1637 ခုနှစ် အထိနန်းသက်(၁၇)နှစ်
၂၅။ စဝ်အွန် (Sao Onn) (ခ) ဖယားအာဒိတ္တရာဇာ AD 1638 ခုနှစ် မှ
        AD1661 ခုနှစ် အထိ နန်းသက် (၂၃) နှစ်
၂၆။ စဝ်အင်းခမ်း (Sao Ein Kham) (ခ) ဖယားရတနဗန္ဓု  AD 1661 ခုနှစ် မှ 
        AD 1670 ခုနှစ် အထိ နန်းသက် (၉) နှစ်
၂၇။ စဝ်ဆမ်မွန် (Sao Sam Mawn)(ခ) ဖယားသုရိနရာဇာ AD 1670 ခုနှစ် မှ
        AD 1678 ခုနှစ် အထိနန်းသက် (၈) နှစ်
၂၈။ စဝ်ကျောက်ဘွန်းမား (Sao Kiao Boon Mar) (ခ) ဖယားဥဒေယျတရိုင်
        သံ၀စ္စရ  AD1686 ခုနှစ် မှ  AD 1703 ခုနှစ် အထိ နန်းသက် (၁၇) နှစ်
၂၉။ စဝ်ဆမ် (Sao Sam)  AD 1703 ခုနှစ် မှ AD 1710 ခုနှစ် အထိ နန်းသ
        က် (၇) နှစ်
၃၀။ စဝ်မိုင်းဇင်(Sao Murng Zuen) (ခ) စဝ်မိုင်းပြည် AD 1710 ခုနှစ် မှ AD
        1729 ခုနှစ်အထိနန်းသက် (၁၉) နှစ်
၃၁။ စဝ်မောင်မြို့ (Sao Mawng Myo)    AD 1729 ခုနှစ် မှ AD 1730 ခုနှစ်
        အထိ နန်းသက် (၁) နှစ်
၃၂။ စဝ်တိဌနန္ဒရာဇာ (Sao Tidha Nanda Raja)  AD 1737 ခုနှစ် မှ AD
        1740 ခုနှစ် အထိ နန်းသက် (၃) နှစ်
၃၃။ စဝ်မိုင်းဆမ် (Sao Murng Sam)(ခ) စဝ်စုဠမဏီး AD 1740 ခုနှစ်မှAD
        1742 ခုနှစ် အထိနန်းသက်(၂)နှစ်
၃၄။ စဝ်ကန် (Sao Kan) (ခ) စဝ်မိုင်းကန်  AD 1742 ခုနှစ် မှ AD 1743 ခုနှစ်
        အထိနန်းသက် (၁) နှစ်
၃၅။ စဝ်မိုင်းဆမ်း (Sao Murng Sum)(ခ) စဝ်စုဠမဏီးသီရိမေဃဘူမိန္ဒခေမာ
        ဓိပတိရာဇာ  AD 1743 ခုနှစ်မှ AD 1786 ခုနှစ် အထိ နန်းသက် (၄၃) နှစ်
စဝ်မိုင်းဆမ်း လက်ထက် AD 1765 ခုနှစ်တွင်ကျိုင်းတုံကို တရုတ် ၀င်ရောက်တိုက်ခိုက်သဖြင့် မြန်မာဘုရင် ဆင်ဖြူရှင်ကိုစစ်ကူတောင်းရသည်။ ဆင်ဖြူရှင် မှ လက်ဝဲ၀င်းမှူး နေမျိုးစည်သူ ဦးစီးသောတပ်မ ကိုစေလွှတ်လိုက်သည်။ တရုတ် တို့ကလည်း စစ်သည်များ ထပ်မံဖြည့်တင်း ၍ ကျိုင်းတုံ ကို အထပ်ထပ် ဝန်းရံ တိုက်ခိုက်သည်။ ကျိုင်းတုံ မြို့တွင်း က တပ်တွေ ကလည်း ထွက်တိုက် သည်နှင့် တရုတ် များ ဆုတ်ခွာပြေးရသည် ။ တရုတ် တို့ နောက် သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ပြီး မဲခေါင်မြစ် အရောက်တွင် တရုတ် တပ်မှူး ကျဆုံးသွားပါသည်။၄င်းစစ်ပွဲတွင် တရုတ်တို့ ဖက်မှ စုစုပေါင်း စစ်သည် ငါးသောင်း၊ မြင်းတစ်သောင်း အထိ ချီတက် လာပြီး တရုတ် စစ်သည် တစ်သောင်း ကျဆုံးခဲ့သည်ဟုသိရပါသည်။ ဤသို့ မရှု မလှ ဆုံးရှုံးခဲ့ရသည့် အတွက် ယူနန် ဘုရင်ခံ လျူစောက် မှာ မိမိကိုယ်ကို မိမိ အဆုံး စီရင်သွားပါသည်။
၃၆။ စဝ်ကောင်တိုင်း (Sao Gawng Tai)(ခ) စဝ်သာရကျဘုမိန္ဒ  AD 1787
        ခုနှစ် မှ AD 1814 ခုနှစ်အထိနန်းသက် (၂၇) နှစ်
၃၇။ စဝ်မဟာခနန် (Sao Maha Khanan)(ခ) စဝ်လုံးဆိုင်ခေမရဌမဟာသီဟ
        ပ၀ရသုဓမ္မရာဇာဓိရတ် AD 1814 ခုနှစ် မှ AD 1857 ခုနှစ် အထိ နန်းသက် (၄၃) နှစ်
စဝ်မဟာခနန်ခေတ် AD 1819 ခုနှစ်တွင်ပျက်စီးနေသောမြို့ရိုးနှင့်မြို့ရိုးတံခါးများကိုပြန်လည်ပြုပြင်သည်။ တံခါးကိုလည်းနောက်ထပ် (၄) ခုတိုးချဲ့ဆောက်လုပ်သောကြောင့်မြို့ရိုးတံခါး (၁၂) ခုအထိဖြစ်လာသည်။ စဝ်မဟာခနန်သည်ထီးနန်းစိုးစံသူလည်းဖြစ်၊ စာဆိုတော်တစ်ဦးလည်းဖြစ်သည်။၄င်းသီကုံးရေးသားထားသောစာပေများထဲမှ ဝေသာန်သရာဇာတ်တော် ကြီးလင်္ကာသည်ယနေ့ထက်ထိရွတ်ဖတ်နေကြဆဲအသုံးပြုနေဆဲဖြစ်သည်။ အမှန်မှာစဝ်မဟာခနန်သည်သျှမ်းအရှေ့၏စာဆိုတော်ပင်ဖြစ်သည်။ သို့သော်လည်းသျှမ်းစာဆိုတော်စာရင်းထဲတွင်ထည့်သွင်းခြင်းမခံရသေးချေ။
၃၈။ စဝ်မဟာဖွမ်း (Sao Maha Phom) (ခ) စဝ်ခေမရဌမဟာသီဟပ၀ရသုဓမ္မ
        ရာဇာ  AD 1858 ခုနှစ် မှ AD 1877 ခုနှစ် အထိ နန်းသက် (၁၉) နှစ်
၃၉။ စဝ်ခမ်းဆိုင် (Sao Kham Seng)(ခ) စဝ်သိဒ္ဓမဟာသီဟပ၀ရဗြဟ္မာသီရိ
        သုဓမ္မ AD 1877 ခုနှစ် မှ AD 1880 ခုနှစ်အထိ နန်းသက် (၃) နှစ်
၄၀။ စဝ်မွမ်ကျိုင်းခဲန် (Sao Mom Zeng Keng)(ခ) စဝ်ဒိဗ္ဗမဏီးခမ်း  AD
        1880 ခုနှစ် မှ AD 1886 ခုနှစ် အထိ နန်းသက် (၆) နှစ်
၄၁။ စဝ်မွမ်ဆေ (Sao Mom Sur) (ခ) စဝ်မဟာဗျဂ ္ဃဇောတိကောင်ခမ်း AD
       1886 ခုနှစ် မှ AD 1894 ခုနှစ်အထိ နန်းသက် (၈) နှစ်
၄၂။ စဝ်မွမ်ကွန်ကျောက်အင်းထရိုင် (Sao Mom Kon Kiao Intareng)   AD
        1897 ခုနှစ် မှ AD 1937 ခုနှစ် အထိ နန်းသက် (၄၀) နှစ်
စဝ်ကောင်ကျောက်အင်းထရိုင် ခေတ် AD 1890-91 ခုနှစ်တွင်သျှမ်းအရှေ့အပါအ၀င်ကျိုင်းတုံကိုဗြိတိသျှကိုလိုနီအဖြစ်သွတ်သွင်းလိုက်သည်။ သို့သော်အုပ်ချုပ်ရေးတွင်စော်ဘွားများအာဏာရှိနေပါသေးသည်။ AD 1906 ခုနှစ်တွင်စော်ဘွားသည်အိန္ဒိယဗိသုကာအကူအညီဖြင့်ကြီးကျယ်ခန်းနားသော ကျိုင်းတုံဟော်နန်းအသစ်ကိုဆောက်လုပ်ပြီးစီးခဲ့သည်။
၄၃။ စဝ်ကောင်တိုင်း (Sao Gawng Tai)  AD 1937 ခုနှစ် မှ AD 1937 ခုနှစ်
        အထိ နန်းသက် (၇)လ (၁၄) ရက်
AD 1937 ခုနှစ်သီတင်းကျွတ်ပွဲတော်အခမ်းအနားအတွင်းတူမောင်ဖြစ်သူစဝ်သီဟမှသေနတ်ဖြင့်ပစ်သတ်လုပ်ကြံ၍စဝ်ကောင်တိုင်းနတ်ရွာစံခဲ့ရသည်။
၄၄။ စဝ်စိုင်းလုံ (Sao Sai Lone) AD 1938 ခုနှစ် မှ AD 1962 ခုနှစ် အထိ န
        န်းသက် (၂၄) နှစ်
ကျိုင်းတုံမြို့၏အမည်နာမများ
၁။ ဒမ္မိလပ် (Damilarp)
၂။ မိုင်းအောင်ပူ (Murng Awng Pu)
၃။ မိုင်းစန္ဒရကွမ်း (Murng Sandara Kawm)
၄။ ခေမရဌ ဇေယျသောဓိ တုံဂပူရီ (kemaratta Zaiyasodhi Tungaburi)
ကျိုင်းတုံ၏ဝိသေသလက္ခဏာများ
၁။ ဆမ်စွမ် (တောင်ထိပ်(၃) ထိပ်)
(က) စွမ်ဆတ် (Som Sak)
(ခ) စွမ်မွန်း (Som Moan)
(ဂ) စွမ်တောင်း (Som Tong)
၂။  ကျိုင်း(၇)ကျိုင်း
(က) ကျိုင်းအင်း (Zeng Ing)
(ခ) ကျိုင်းစံ (Zeng Zan)
(ဂ) ကျိုင်းစမ် (Zeng Zam)
(ဃ) ကျိုင်းငမ်း (Zeng Ngam)
(င) ကျိုင်းလန်း (Zeng Lann)
(စ) ကျိုင်းယင်း (Zeng Yuen)
(ဆ) ကျိုင်းခုံ (Zeng Khum)
၃။ မြို့ရိုးတံခါး (၁၂) ပေါက်
(က) မင်္ဂလာတံခါး ( Mangala Gate) ယခုလေယဉ်ကွင်းလမ်းဆန်ဂိုဒေါင်အ
        ဆင်း
(ခ) ပါလျန်တံခါး ( Badeng Gate) ယခုလက်ရှိ ပါလျန်တံခါးပေါက်အထွေ
        ထွအုပ်ချုပ်ရေးရုံးအနီး
(ဂ) ကျိုင်းလန်းတံခါး (Zeng Lann Gate) ယခုအလက(၄) ကျောင်းအောက်ဖ
        က်
(ဃ) ငမ်ဖတံခါး (Ngam Fah Gate) ယခုသစ်တစ်ပင်ကုန်းအနီး
(င) ဖာယန်တံခါး (Pha Yang Gate) ယခုသာသနာ့ပါလကျောင်းအနီး
(စ) စဲန်းမိုင်းတံခါး (Jen Murng Gate) ယခုဝေါ်နိမ့်ရွာအနီး
(ဆ) ယန်းခမ်းတံခါး (Yang Kham Gate) ယခုတောင်ကြီးလမ်းပေါ်၊ ယန်းခမ်းစျေးအနီး
(ဇ) နောင်လိတ်တံခါး (Nawng Leik Gate) ယခုသီးသန့်ရဲစခန်းအနီး
(စျ) နောင်ဖာတံခါး  (Nawng Pha Gate) ယခုနောင်ဖာတံခါးမိုင်းယန်းလမ်း
(ည) ကိုင်ဟိုက်တံခါး (Kai Hai Gate) ယခုနောင်ဖာဆင်ဖြူတော်ကျောင်းအနီး
(ဋ) ယန်းပုန်တံခါး (Yang Bueng Gate) ယခုတပ်ထိန်းတပ်ရင်းတည်နေရာ
(ဍ) ယန်းကုန်းတံခါး (Yang Gong Gate) ယခုနမ့်ဝေါ်အွဲ့ယန်းကုန်းသွားလ
        မ်း
၄။ ကန် (၉) ကန်
(က) နောင်တုံ (Nawng Tung) ယခုနောင်တုံကန်
(ခ) နောင်ယန်း (Nawng Yang) ယခုကျိုင်းခုံနတ်ကွန်းအနီး
(ဂ) နောင်ခေ့  (Nawng Khae) ယခုနောင်ခေ့ရွာ
(ဃ) နောင်တုန်း (Nawng Dong) ယခုဖကမ်ရွာ
(င) နောင်ယေး (Nawng Yae) ယခုနောင်ယေးရွာ
(စ) နောင်လျန့် (Nawng Length) ယခုနောင်လျန့်ရွာ
(ဆ) နောင်ခိုက်  (Nawng Khaih) ယခုနောင်ခိုက်ရွာ
(ဇ) နောင်တာဇာန့်  (Nawng Tazang) ယခုပါတီယူနစ်ရုံးဟောင်း၀န်းကျင်
(စျ) နောင်ပေါင်း  (Nawng Pawng) ယခုဟိုကတ်တရုတ်ဘုံကျောင်းအောက်
သမိုင်းတစ်လျှောက်လုံးကျိုင်းတုံသည်မြန်မာမင်းများ၏လက်အောက်ခံ (သို့) ဘဏ္ဍာဆက် တိုင်းပြည် မဖြစ်ခဲ့ပါ။ မြန်မာမင်းအဆက်ဆက်နှင့်တန်းတူဆက်ဆံကာမဟာမိတ်တိုင်းပြည်အဖြစ်သာရပ်တည်လာခဲ့၏။ တရုတ်နှင့်ယိုးဒယား
တို့၏ကျူးကျော်မှုများကိုနှိမ်နင်းရန်မြန်မာမင်းများကစစ်ကူလွှတ်ခဲ့သလိုကျိုင်းတုံကလည်းမြန်မာမင်းများယိုးဒယားသို့စစ်ချီသည့်အခါတိုင်း ဆင်တစ်ရာ (၁၀၀)၊ မြင်းတစ်ထောင် (၁၀၀၀)၊ စစ်သည်တစ်သောင်း (၁၀၀၀၀) ကူညီခဲ့ကြောင်းမှတ်တမ်းရှိခဲ့ပါ
သည်။
ကျိုင်းတုံသည်ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုခိုင်မာမြင့်မားစွာရှိပြီးပြင်ပယဉ်ကျေးမှုစိမ့်၀င်မှုအနည်းဆုံးဒေသလည်းဖြစ်ပါသည်။ သျှမ်းပြည်နယ်အရှေ့ပိုင်းတွင်အသုံးပြုလျက်ရှိသောဂုံသျှမ်းစာပေသည်ဗြဟ္မီ (Brahmi) စာပေမှလာသောပလ္လ၀စာပေမှတစ်ဆင့်ဆင်းသက်လာသောကြောင့်ပါဠိဘာသာကိုမူရင်းအသံထွက်အတိုင်းမှန်ကန်စွာရေသားနိုင်သောစာပေဖြစ်ပါသည်။ ဤဂုံသျှမ်းစာပေနှင့်ရေးသားပြုစုထားသောထေရဝါဒဗုဒ္ဓကျမ်းစာများကိုရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ရှမ်းပြည်နယ်တောင်ပိုင်းအပါအ၀င်ရှမ်းပြည်တစ်ဝှမ်းလုံးအလောင်းဘုရားလက်ထက်အထိအသုံးပြုခဲ့ကြောင်းသမိုင်းမှတ်တမ်းများရှိပါသည်။ ဆင်ဖြူရှင်ဘုရင်လက်ထက်မှစ၍သျှမ်းပြည်နယ်မြောက်ပိုင်းနှင့်သျှမ်းပြည်နယ်တောင်ပိုင်းတွင် ယွန်းဂိုဏ်းခေါ်ဂုံဂိုဏ်းဗုဒ္ဓဘာသာကိုရက်စက်စွာနှိပ်ကွပ်ခဲ့သည်။ ဗုဒ္ဓဘာသာစာပေကိုလည်းမြန်မာဘာသာနှင့်ရေးသားထားသောဗုဒ္ဓစာပေကျမ်းဂန်များကိုအစားထိုးသုံးစွဲစေခဲ့သည်။ သို့သော်လည်းကျိုင်းတုံ၏ရှမ်းပြည်နယ်အရှေ့ပိုင်းသည်ကိုယ့်မင်းကိုယ့်ချင်းဖြစ်နေသောကြောင့်မြန်မာမင်း၏အာဏာမသက်ရောက်ခဲ့ပေ။ ထို့ကြောင့်ယခုအချိန်အထိမိမိကိုယ်ပိုင်စာပေနှင့်ရေးသားထားသောထေရဝါဒဗုဒ္ဓဘာသာကျမ်းဂန်များကိုသာသုံးစွဲလျက်ရှိနေပါသည်။ ယခုကျိုင်းတုံတွင်အသုံးပြုနေသောစာကို လိဂ်မိန်း(ပြည်ကြီးစာပေ) ဟုလည်းခေါ်သည်။ ဆစ်ဆောင်ပဏ္ဏားမှ လိသျှမ်းများကလည်း လိစာပေ ဟူလည်းကောင်း၊ လျဲမ်းသျှမ်းများကလည်း လျှဲမ်းစာပေဟူ၍လည်းကောင်း၊ လာအို နိုင်ငံမြောက်ပိုင်းတွင်လည်း နန်င်ဆီထမ်းလောဝ်း ခေါ် လာအိုဓမ္မစာပေဟူ၍လည်းကောင်းခေါ်ဝေါ်၍အသီးသီးသုံးစွဲလျက်ရှိနေပါသည်။

ကျိုင်းတုံရှေးလူကြီးများပြုစုထားသောပုရပိုဒ်ကျမ်းဟောင်းများအရကျိုင်းတုံကို ပလန်း(ခ) လွ (ခ) လွယ်လ (ခ) တိုင်းလွယ်လူမျိုးများကတည်ထောင်ပြီး AD 11...